သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် HRD သင်တန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

  • Fri, 21 July 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် HRD သင်တန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


သန်လျင် ဇူလိုင် ၂၁

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် WISE College တို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာသင်တန်း (BMHD-12) နှင့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း (BMAD-11) သင်တန်းများကို ၁၄-၁-၂၀၂၃ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလ (၆)လပြည့်ပြီ ဖြစ်ပါသဖြင့် အဆိုပါသင်တန်းများ၏ စာမေးပွဲစစ်ဆေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ BMHD (Batch-13) နှင့် BMAD (Batch-12) သင်တန်းများ ဆက်လက်ဖွင့်လှစ် နိုင်မည့်အခြေအနေများ၊ BMHD နှင့် BMAD သင်တန်းများ တက်ရောက်အောင်မြင်ပြီးသည့် သင်တန်းသားများအား ဒီပလိုမာလက်မှတ်အပ်နှင်းချီးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁-၇-၂၀၂၃ ရက်နေ့ နေ့လယ်(၂)နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် HRD ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


၎င်းနောက် WISE College ကျောင်းအုပ်ကြီး ဦးသူရိန်ငြိမ်းက HRD သင်တန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ သည်။ အဆိုပါအစည်းအဝေးသို့ HRD ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ WISE College ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

ဆက်စပ် သတင်းများ