သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ်နှင့်စီမံခန့်ခွဲမှုပညာဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် “အိတ်ထိုးနည်းနှင့်သိုးမွှေးတစ်ချောင်းထိုးနည်းပညာ” သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

  • Fri, 4 August 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ်နှင့်စီမံခန့်ခွဲမှုပညာဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် “အိတ်ထိုးနည်းနှင့်သိုးမွှေးတစ်ချောင်းထိုးနည်းပညာ” သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


သန်လျင်၊ ဩဂုတ် ၄

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှုအ ထောက်အကူပြုယူနစ်နှင့် စီမံခန့်ခွဲမှုပညာဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် “အိတ်ထိုးနည်းနှင့်သိုးမွှေးတစ်ချောင်းထိုးနည်းပညာ” သင်တန်းဖွင့်ပွဲအခမ်းအနားကို ဥတ္တရဆောင်၊ SISU Classroom တွင်ကျင်းပသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ သင်တန်းပို့ချပေးသည့်ဆရာမနှင့် သင်တန်းနည်းပြများ၊ စီမံခန့်ခွဲမှုပညာဌာနမှ ဆရာ၊ဆရာမများ နှင့် သင်တန်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြသည်။

“အိတ်ထိုးနည်းနှင့်သိုးမွှေးတစ်ချောင်းထိုးနည်းပညာ” သင်တန်းကို (၄-၈-၂၀၂၃)ရက် နေ့မှ (၁၁-၈-၂၀၂၃)ရက်နေ့အထိ (၈)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါ သိုးမွှေးတစ်ချောင်းထိုးနည်းပညာဖြင့် ပြုလုပ်သည့် အဝတ်အစား၊ အသုံးအဆောင်များနှင့် အမျိုးသမီးလက်ကိုင်အိတ်များသည် ရုံးဝန်ထမ်းအမျိုးသမီးများ၊ဆရာမများ၊ ကျောင်းသူများ ရုံးသွားရာတွင်လည်းကောင်း၊ ကျောင်းသွားရာတွင်လည်းကောင်း၊ အပြင်သို့သွားရာတွင်လည်းကောင်း ခေတ်မီဟန်ကျလှပစေပြီး အသုံးဝင်မှုလည်းရှိ၍ လက်မှုအနုပညာဈေးကွက်တွင်  နှစ်သက်စွာသုံးစွဲကြပြီး “အလုပ်လုပ်ရင်း ဝင်ငွေရှာ”၊ “ပညာသင်ရင်း ဝင်ငွေရှာ” နိုင်သဖြင့် တက္ကသိုလ်၏ Extracurricular Activity အဖြစ် သင်တန်းသူများအထူးနှစ်ခြိုက်သဘောကျစွာ လေ့လာသင်ယူကြကြောင်းသိရှိရပါသည်။



ဆက်စပ် သတင်းများ