သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ်နှင့်စီမံခန့်ခွဲမှုပညာဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် “အိတ်ထိုးနည်းနှင့်သိုးမွှေးတစ်ချောင်းထိုးနည်းပညာ” သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
- Fri, 4 August 2023
သန်လျင်၊ ဩဂုတ် ၄
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှုအ ထောက်အကူပြုယူနစ်နှင့် စီမံခန့်ခွဲမှုပညာဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် “အိတ်ထိုးနည်းနှင့်သိုးမွှေးတစ်ချောင်းထိုးနည်းပညာ” သင်တန်းဖွင့်ပွဲအခမ်းအနားကို ဥတ္တရဆောင်၊ SISU Classroom တွင်ကျင်းပသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ သင်တန်းပို့ချပေးသည့်ဆရာမနှင့် သင်တန်းနည်းပြများ၊ စီမံခန့်ခွဲမှုပညာဌာနမှ ဆရာ၊ဆရာမများ နှင့် သင်တန်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြသည်။
“အိတ်ထိုးနည်းနှင့်သိုးမွှေးတစ်ချောင်းထိုးနည်းပညာ” သင်တန်းကို (၄-၈-၂၀၂၃)ရက် နေ့မှ (၁၁-၈-၂၀၂၃)ရက်နေ့အထိ (၈)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါ သိုးမွှေးတစ်ချောင်းထိုးနည်းပညာဖြင့် ပြုလုပ်သည့် အဝတ်အစား၊ အသုံးအဆောင်များနှင့် အမျိုးသမီးလက်ကိုင်အိတ်များသည် ရုံးဝန်ထမ်းအမျိုးသမီးများ၊ဆရာမများ၊ ကျောင်းသူများ ရုံးသွားရာတွင်လည်းကောင်း၊ ကျောင်းသွားရာတွင်လည်းကောင်း၊ အပြင်သို့သွားရာတွင်လည်းကောင်း ခေတ်မီဟန်ကျလှပစေပြီး အသုံးဝင်မှုလည်းရှိ၍ လက်မှုအနုပညာဈေးကွက်တွင် နှစ်သက်စွာသုံးစွဲကြပြီး “အလုပ်လုပ်ရင်း ဝင်ငွေရှာ”၊ “ပညာသင်ရင်း ဝင်ငွေရှာ” နိုင်သဖြင့် တက္ကသိုလ်၏ Extracurricular Activity အဖြစ် သင်တန်းသူများအထူးနှစ်ခြိုက်သဘောကျစွာ လေ့လာသင်ယူကြကြောင်းသိရှိရပါသည်။