သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Certificate in Business Law - CBL, Certificate in Entrepreneurship and Business Management - CEBM နှင့် Certificate in Digital Marketing and Innovation- CDMI သင်တန်းများဖွင့်လှစ်မည်
- Mon, 24 June 2024
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကော်မတီ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ၏အစီအစဉ်ဖြင့် ဥပဒေပညာဌာန၊ သမဝါယမပညာဌာန၊ စီမံခန့်ခွဲမှုပညာဌာနတို့မှ ကြီးမှူးပြီး အောက်ဖော်ပြပါ သင်တန်းများကိုဖွင့်လှစ်မည်ဖြစ်ပါသည်-
၁။ ဖွင့်လှစ်မည့်သင်တန်းအမည်
(၁) စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေအသိအမှတ်ပြုလက်မှတ်သင်တန်း
(Certificate in Business Law - CBL)
(၂) စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစီမံခန့်ခွဲမှုပညာအသိအမှတ်ပြုလက်မှတ်သင်တန်း
(Certificate in Entrepreneurship and Business Management - CEBM)
(၃) ဒီဂျစ်တယ်နည်းလမ်းဖြင့်ဈေးကွက်ဖော်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုပညာ အသိအမှတ်ပြု လက်မှတ်သင်တန်း
(Certificate in Digital Marketing and Innovation- CDMI)
၂။ သင်တန်းဝင်ခွင့်အရည်အချင်း - တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ
၃။ သင်တန်းကာလ - (၃) လ
၄။ သင်တန်းကြေး - (၁၀၀၀၀ဝိ/) တစ်သိန်းကျပ်တိတိ
၅။ လျှောက်ထားရမည့်ရက် - ၁-၇-၂၀၂၄ မှ ၁၅-၇-၂၀၂၄ အထိ
၆။ Registration Link - CBL- https://forms.gle/2yjfTPaD6MMkovKy9
- CEBM- https://forms.gle/4fj8FqaR7aZKpaZ16
- CDMI- https://forms.gle/FdZbhUMcTXwcZRCC8
၇။ သင်တန်းအချိန် - CBL- အပတ်စဉ်ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ
(၁၆:၀၀)နာရီ မှ (၁၈:၀၀)နာရီအထိ တစ်ပတ်လျှင် (၃)ရက် Online စနစ်ဖြင့်ဖွင့်လှစ်သင်ကြားပါမည်။
CEBM - အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့၊ နံနက် (၉:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ တစ်ပတ်လျှင် (၂) ရက် Online စနစ် ဖြင့် ဖွင့်လှစ် သင်ကြားမည်ဖြစ်ပါသည်။
CDMI - အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့၊ နံနက် (၉:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ တစ်ပတ်လျှင် (၂)ရက် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြား မည်ဖြစ်ပါသည်။
၈။ အသေးစိတ်သိရှိလိုပါက - CBL(၀၉-၄၅၉၀၆၈၅၉၄၊ ၀၉-၄၃၀၂၀၄၂၀)
ဆက်သွယ်ရန်လိပ်စာ - CEBM (၀၉-၉၇၆၃၇၉၉၃၁၊ ၀၉-၄၂၂၅၅၁၇၈၈)
- CDMI (၀၉-၂၂၁၂၄၁၄၊ ၀၉-၇၉၀၈၀၇၉၄၀)