သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) တွင် ပြခန်းခင်းကျင်းပြသ၍ စာတမ်းဖတ်ကြား

  • Sat, 29 June 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ   (၂၀၂၄) တွင် ပြခန်းခင်းကျင်းပြသ၍ စာတမ်းဖတ်ကြား


သန်လျင် ဇွန် ၂၉


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် နေပြည်တော်မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄)တွင် ပညာရပ်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် ပြခန်းတစ်ခန်းခင်းကျင်း ပြသခဲ့သည်။ အဆိုပါ ပညာရေးညီလာခံ (၂၀၂၄) တွင် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပြခန်းပေါင်း (၃၀) ခန်း ခင်းကျင်းပြသခဲ့သည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပြခန်း၌ တက္ကသိုလ်၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများကို ဗီနိုင်းဖြင့်လည်းကောင်း၊ တက္ကသိုလ်မှ ပေးအပ်လျက်ရှိသော ဘွဲ့များ၊ ဘွဲ့ရရှိသူများ၏ ပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုအခြေအနေများ၊ ပါမောက္ခချုပ်နှင့်ဆရာ၊ ဆရာမများ၏ နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့်သင်တန်းများသို့ တက်ရောက်လေ့လာမှု မှတ်တမ်းများ၊ တက္ကသိုလ်၏ ရေတို၊ ရေရှည်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု မှတ်တမ်းဓါတ်ပုံများ၊ အထူးပြုဘာသာရပ် ဌာနများမှ သုတေသနစာတမ်း ၅စောင်အား  Lightbox (၂)ချပ်ဖြင့်လည်းကောင်း၊ မဟာဘွဲ့ကျမ်းပြုစာအုပ်များ အထူးပြုဘာသာရပ်အလိုက်ရည်ညွှန်း စာအုပ်များ၊ ပညာသင်နှစ်အလိုက် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများ၊ ပညာသင်နှစ် အလိုက်ထုတ်ဝေခဲ့သည့် သုတေသနဂျာနယ် စာအုပ်များ၊ လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ် (UCMT-SISU) မှ ကျောင်းသားကျောင်းသူများ၏ လက်မှုအနုပညာလက်ရာများကို စားပွဲများဖြင့်လည်းကောင်း ခင်းကျင်းပြသရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပြခန်းအား ပညာရေးညီလာခံ (၂၀၂၄) သို့ တက်ရောက်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ စိတ်ပါဝင်စားသည့်ဝန်ထမ်းများ နှင့် လေ့လာရေး လာရောက်ကြသည့် ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြသည်။



မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) စာတမ်းဖတ်ပွဲ၏ Parallel Session(6) အရည်အသွေးအာမခံမှု ကတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က သဘာပတိအဖြစ် လည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေက တွဲဖက်သဘာပတိ (၁) အဖြစ်လည်းကောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက  တွဲဖက်သဘာပတိ(၂) အဖြစ်လည်းကောင်းဆောင်ရွက်၍  ဒေါက်တာ သိင်္ဂီညို၊ ပါမောက္ခ(ဌာနမှူး) က “လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ်ဖြစ်ထွန်းလာစေရေး” ခေါင်းစဉ်ဖြင့်စာတမ်း ဖတ်ကြားခဲ့သည်။ အဆိုပါ ညီလာခံသို့ သမဝါသမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် ( သန်လျင်) မှ ပါမောက္ခချုပ်နှင့်အတူ ပါမောက္ခ၊ဌာနမှူးများ ဆရာ၊ဆရာမများစုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။






ဆက်စပ် သတင်းများ