သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပခြင်း

  • Mon, 1 July 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပခြင်း


ဇူလိုင် ၁

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌  (၁-၇-၂၀၂၄)ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား/စီမံ(၁၄)ဌာနမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။



အဆိုပါအခမ်းအနား၌ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြား ရာတွင် (၃-၇-၂၀၂၄)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရသည့်ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေပြီး တက္ကသိုလ်ပရိဝုဏ်အရိပ်ရလှပစေရန်နှင့် ထာဝရကုသိုလ်ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ မိမိစိုက်ပျိုးလိုက်သည့်သစ်ပင်များကြီးထွားလာပြီး အများသူငါနားခို ရခြင်းကြောင့် ထာဝရကုသိုလ်ရရှိစေမှာဖြစ်ကြောင်း၊ စိုက်ပျိုးလိုက်သည့်သစ်ပင်များကို ရှင်သန်ကြီး ထွားအောင် အားလုံးဝိုင်းဝန်းစောင့်ရှောက်ကြရန်လိုကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူး (၁၀)ချက်ကို  ဗဟုသုတရစေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။  

သစ်ပင်စိုက်ပျိုးပွဲတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား/စီမံ(၁၄)ဌာနမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဘက်စုံသုံးခန်းမရှေ့ဘယ်ဘက်ခြမ်း၊ Social Innovation Support Unit (SISU) မျက်နှာစာဘေးဝဲ၊ယာတို့၌ ခရေ(၁၃၅)ပင်၊ စိန်ပန်း(အဝါ)(၁၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်နှင့် ပျဉ်းမ(၁၀၀)ပင်၊ စုစုပေါင်း (၄၃၅) ပင်ကို စိုက်ပျိုးခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးခဲ့သော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်  ကျောင်းသား၊  ကျောင်းသူများအား  ကောက်ညှင်းပေါင်းနှင့်  ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို နံနက် (၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။



ဆက်စပ် သတင်းများ