သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် GEC(ပညာရေး)သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်း

  • Tue, 16 July 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် GEC(ပညာရေး)သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်း



ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)ရှိ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC(ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရပါသည်။ အခမ်းအနား တွင် GEC(ပညာရေး)သမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌဒေါက်တာရီရီဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး  အဖွင့်အမှာစကားပြောကြားရာတွင် GEC(ပညာရေး) သမဝါယမအသင်းလီမိတက်ကို (၃၁-၁-၁၉၉၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်မှာ ယနေ့ဆိုရင် သက်တမ်း(၂၉)နှစ်ကျော်ခဲ့ ပြီဖြစ်ကြောင်း၊ အသင်းသားများ၏ အကျိုးစီးပွားတိုးတက်ရေးကို ရည်ရွယ်ကာ UCMT COOP MARTကိုဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊  လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည် နှင့်အမျှ အမြတ်ငွေများလည်း ရရှိလာြပီဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒါရိုက်တာအဖွဲ့နှင့်အတူ အသင်းသားများ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးသိမ့်သိမ့်ထွေးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် အသင်း၏ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းစာရင်းစစ် အစီရင်ခံစာ များကို အဖွဲ့ဝင်များက ဖတ်ကြားတင်သွင်းခြင်းများအား ရှင်းလင်းတင်ပြပြီး အတည်ပြုခဲ့ကြပါသည်။  ဆက်လက်၍ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)ရှိ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC(ပညာရေး) သမဝါယမအသင်းလီမိတက်တွင် အသင်းသား၊ အသင်းသူ(၁၄၂ )ဦး နှင့်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တွင် အသင်းသား၊ အသင်းသူ(၂၁၃)ဦးရှိပြီး တက်ရောက် လာသည့် အသင်းသား၊ အသင်းသူများအား စရိတ်ချီးမြှင့်ငွေများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ