သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၈)ကြိမ်မြောက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

  • Tue, 23 July 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၈)ကြိမ်မြောက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ



ဇူလိုင်   ၂၃

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ဘက်စုံသုံးခန်းမ၌ တက္ကသိုလ် ကြက်ခြေနီ အသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုခြင်း(အခြေခံ) (၁/၂၀၂၄)  သင်တန်း ဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၃ ရက် နံနက် ၁၀:၀၀နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်)၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)ဦးဦးတင်သိန်း ၊ သင်ကြား စီမံဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်း တာဝန်ခံဆရာ၊ ဆရာမများနှင့် သင်တန်းဆင်းကျောင်းသားကျောင်းသူ(၁၆၅)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့် အလုပ်အမှုဆောင်၊ ပါမောက္ခဒေါက်တာရီရီတင်တို့က အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ သင်တန်းတွင် ထူးချွန်ဆု ရရှိသူများကို ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင်၊ ပါမောက္ခ ဒေါက်တာရီရီတင် တို့က ဆုများချီးမြှင့်ပေးခဲ့ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ဒု-တိုင်းတပ်ဖွဲ့မှူး ဦးနေလင်းထွန်းက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ တက္ကသိုလ် ကြက်ခြေနီ အသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ယခုအခါ (၈)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။







ဆက်စပ် သတင်းများ