သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်(၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပြခြင်း

  • Wed, 24 July 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်(၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပြခြင်း



သန်လျင် ဇူလိုင် ၂၄

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ (၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ဇူလိုင်လ(၂၄)ရက်နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဝိသုဒ္ဓါရာမ ချမ်းမြေ့သာယာအေး၊ ညောင်သုံးပင်၊ အောင်တံခွန်၊ နရိန္ဒာရာမိက၊ အောင်ဓမ္မရိပ်သာကျောင်းတိုက်များမှ ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြည်ညိုကြ ပါသည်။


ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကိုကျင်းပရာ ဝိသုဒ္ဓါရာမချမ်းမြေ့ သာယာအေးကျောင်းတိုက်ကြီး၏ ဉီးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တကုမာရအရှင်သူမြတ်ထံမှ ပါမောက္ခချုပ်အမှူးပြုသော ဆရာ၊ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများက ငါးပါးသီလခံယူဆောက်တည်၍ ဝါဆိုသင်္ကန်း၊ ဆန်၊ဆီ၊ဆား၊ဆေးနှင့် နဝကမ္မဝတ္ထု ငွေများ ဆက်ကပ် လှူဒါန်းကြပြီး ပရိတ်တရားတော်များနှင့် အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှဝေကြပါသည်။

အခမ်းအနားအပြီးတွင် တက္ကသိုလ်မိသားစုများမှ ကြွရောက်တော်မှုလာကြသည့် ဆရာတော်ကြီး များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မိသားစုများ၏ (၂၆)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား တွင် ပစ္စည်းနှင့်လှူဒါန်းငွေ စုစုပေါင်းတန်ဖိုး (၃၇၆၁၈၀ဝိ/-) ကျပ်ပါဝင် လှူဒါန်းခဲ့ကြပါသည်။



ဆက်စပ် သတင်းများ