သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ အားသစ်မာန်ကုမ္ပဏီ၊ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ သင်ထောက်ကူပစ္စည်း Efficient Conference Platform MAXHUB ALL-in-one LED Displays (65" x 75") လှူဒါန်းပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

  • Thu, 8 August 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ အားသစ်မာန်ကုမ္ပဏီ၊ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ သင်ထောက်ကူပစ္စည်း Efficient Conference Platform MAXHUB ALL-in-one LED Displays (65" x 75") လှူဒါန်းပေးအပ်သည့် အခမ်းအနားကျင်းပခြင်း



(၇-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ အားသစ်မာန်ကုမ္ပဏီ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပညာသင်ကြားရေးအတွက်လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းလှူဒါန်းပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် ၁၉၇၀ ခုနှစ်မှစ၍ ရန်ကုန်တိုင်းသမဝါယမသင်တန်းကျောင်းအဖြစ်မှ ယနေ့သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) အဆင့်သို့ရောက်ရှိလာခဲ့သည့် တက္ကသိုလ်၏သမိုင်းကြောင်းအား ရှင်းလင်း ပြောကြားခြင်း၊ တက္ကသိုလ်တွင် သင်ကြားလျက်ရှိသည့် အထူးပြုဘာသာရပ်များနှင့် ပေးအပ်ချီးမြှင့်သည့် ဘွဲ့များအား ရှင်းလင်းပြောကြားခဲ့ပြီး တက္ကသိုလ်မှမွေးထုတ်ပေးလိုက်သည့် ဘွဲ့ရရှိသူများသည် ဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်းများဖြစ်သော အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းကုမ္ပဏီများ၊ ဘဏ်လုပ်ငန်းများတွင် လုပ်ငန်းခွင် ဝင်ရောက်လျက်ရှိကြောင်း၊ ပညာသင်ကြားရေးအတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်း လှူဒါန်း ပေးပါသော ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများအားလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။


ဆက်လက်၍ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ Deputy General Manager ဒေါ်စန္ဒီမှ သင်ထောက်ကူ ပစ္စည်းလှူဒါန်းရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး Maxhub Smart TV ၏ တာဝန်ရှိသူ Assistant Sale Manager- ဒေါ်မေသူဂျွန် မှ Maxhub Smart TV ၏ အသုံးပြုပုံနှင့် Function များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့နောက် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း၏ တာဝန်ရှိသူမှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းထံသို့ သင်ကြားရေး အတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်း Efficient Conference Platform MAXHUB ALL-in-one LED Displays (65" x 75")အား ပေးအပ်လှူဒါန်းပြီး ပါမောက္ခချုပ် မှ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်း၏ တာဝန်ရှိသူထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျောက်စီပန်းချီကား ပြန်လည်ပေးအပ်ခဲ့ပြီး နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် အခမ်းအနားအောင်မြင်စွာပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ