တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

  • Mon, 19 August 2024

တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနား ကျင်းပ


သန်လျင် ဩဂုတ် ၁၉



သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံး အားကစားပြိုင်ပွဲကို ၂၃-၈-၂၀၂၄ ရက်နေ့မှ ၂၇-၈-၂၀၂၄ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)နှင့် သမဝါယမကောလိပ်(ဖောင်ကြီး)တို့မှ ရွေးချယ်ထားသော တက္ကသိုလ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၂နာရီ တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် တက္ကသိုလ် လက်ရွေးစင်ဘောလုံးအသင်းအား အလှူငွေများထည့်ဝင်လှူဒါန်းပေးပါသော မြန်မာ V.S.R ကုမ္ပဏီ လီမိတက်၊ ရွှေသိဒ္ဓိမိုးကုမ္ပဏီလီမိတက်၊ မဟာနဝရတ်မြေဆောက်လုပ်ရေးကုမ္ပဏီလီမိတက်နှင့် မေခနတ်သမီးကုမ္ပဏီလီမိတက်တို့အား ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်(စီမံ)တို့က ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်က တက္ကသိုလ်လက်ရွေးစင် ဘောလုံးကစားသမားများအား ထောက်ပံ့ငွေများပေးအပ်ပြီး တက္ကသိုလ်လက်ရွေးစင် ဘောလုံးအသင်း အား အောင်နိုင်ရေးအလံအပ်နှင်းရာ ဘောလုံးအသင်းအုပ်ချုပ်သူ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်းက လက်ခံရယူခဲ့သည်။ ယင်းနောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ ကုမ္ပဏီများမှတာဝန်ရှိသူများသည် တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းနည်းပြများ၊ ကစားသမားများနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။




ဆက်စပ် သတင်းများ