သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲအခမ်းအနားကျင်းပ

  • Thu, 29 August 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ရေးဆိုင်ရာ ဟောပြောပွဲအခမ်းအနားကျင်းပ




သန်လျင် ဩဂုတ် ၂၉

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ်ရွေးချယ်ရေး ဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို ၂၉-၈-၂၀၂၄ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါ်မြင့်မြင့်စိန် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးပြုဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ဤတက္ကသိုလ်၏ အထူးပြုဘာသာရပ်များဖြစ်သည့် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြု၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု၊ အသုံးချစာရင်းအင်း ပညာအထူးပြု၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုနှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအထူးပြုဘာသာရပ်ဌာန(၅)ခုမှ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများက အထူးပြုဘာသာရပ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အထူးပြုဘာသာရပ်ရွေးချယ်ရေး ဆိုင်ရာ ဟောပြောပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။



ဆက်စပ် သတင်းများ