သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၂၃)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပခြင်း

  • Fri, 6 September 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၂၃)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပခြင်း



သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄   ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) သင်တန်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာသင်တန်း၊ မဟာဘွဲ့သင်တန်းများ၏ (ပထမနှစ်ဝက်) သင်တန်းအသီးသီးတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ၏ (၂၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို (၆.၉.၂၀၂၄) ရက်နေ့ နံနက် (၁၀.၀၀) နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ ဩဝါဒစကားနှင့် ဆုတောင်းမေတ္တာစကားပြောကြားခဲ့သည်။ အဆိုပါ အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ