သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်း များ၏ စာမေးပွဲများ စစ်ဆေးပြီးစီး

  • Wed, 25 September 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်း များ၏ စာမေးပွဲများ စစ်ဆေးပြီးစီး


သန်လျင် စက်တင်ဘာ ၂၅


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် နှင့် ဒုတိယနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ဘွဲ့လွန်သင်တန်းများ၏ ပထမနှစ်ဝက် ကွန်ပျူတာလက်တွေ့ စာမေးပွဲများကို ၁၆-၉-၂၀၂၄ ရက်နေ့မှ ၁၈-၉-၂၀၂၄ ရက်နေ့အထိလည်းကောင်း၊ ရေးဖြေစာမေးပွဲ များကို ၁၆-၉-၂၀၂၄ ရက်နေ့မှ ၂၅-၉-၂၀၂၄ ရက်နေ့ အထိလည်းကောင်း တက္ကသိုလ်လုံခြုံရေး စီမံချက်ပါ အစီအမံများနှင့်အညီ  အဆင်ပြေချောမွေ့စွာ စစ်ဆေးပြီးစီးကြောင်း သိရသည်။ 




ဆက်စပ် သတင်းများ