သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အောင်စာရင်းထုတ်ပြန်မည့်ရက်၊ ကျောင်းအပ် လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်)နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်များ ထုတ်ပြန်ကြေညာ

  • Wed, 25 September 2024

သန်လျင် စက်တင်ဘာလ ၂၅

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများ၏ အောင်စာရင်းများကို ၂၉-၁၀-၂၀၂၄ ရက်နေ့ (အင်္ဂါနေ့)၌ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ပထမနှစ်ဝက်သင်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းနှင့် တတိယနှစ်၊ စတုတ္ထနှစ်နှင့် ဘွဲ့လွန်တန်း ဒုတိယနှစ်ဝက်သင်တန်းများ၏ သတင်းပို့လက်ခံခြင်းကို ၁၄-၁၁-၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)မှစ၍ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ သင်တန်းနှစ်အားလုံးကို ၂၁-၁၁-၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ