သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ရုံးလုပ်ငန်းသုံးကွန်ပျူတာဆိုင်ရာပညာရပ်နှင့် e-Government အထောက်အကူပြု Advanced Microsoft Office Application သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
- Thu, 31 October 2024
သန်လျင်၊ အောက်တိုဘာ ၃၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ရုံးလုပ်ငန်းသုံးကွန်ပျူတာဆိုင်ရာပညာရပ်နှင့် e-Government အထောက်အကူပြု Advanced Microsoft Office Application သင်တန်းဆင်းပွဲ အခမ်းအနားကို ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို နေ့လယ် (၁၅:၀၀)နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင်တက္ကသိုလ်အနေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ e-Government လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာန၊ e-government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၏ ညွှန်ကြားချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ဘဏ္ဍာနှစ်အလိုက် Action Plan ရေးဆွဲပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့် တက္ကသိုလ်၏သတင်းအချက်အလက်များ၊ e-Government လုပ်ငန်းစဉ်များနှင့် Online စနစ်ဖြင့် E–Service လုပ်ငန်းများဆောင်ရွက်ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲပြုစုထား သည့် Myanmar E-Governance Master Plan 2030 ကို guideline အဖြစ်ထားရှိပြီး၊ ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တက္ကသိုလ်၏ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် ရေးဆွဲထားတဲ့ Action Plan နှင့်အညီ မိမိတို့ဝန်ထမ်းများအတွက် Advanced Microsoft Office Application သင်တန်းကို ICT ဌာနမှ ဦးဆောင်ပြီး ၂၃-၁၀-၂၀၂၄ ရက်နေ့မှ ၃၁-၁၀-၂၀၂၄ ရက်နေ့အထိ တစ်နေ့ (၂) နာရီ ၇ရက်၊ သင်ကြားချိန်စုစုပေါင်း (၁၄)နာရီ ကို မိမိလုပ်ငန်းခွင်တွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာ၌ ရုံးလုပ်ငန်းသုံး ကွန်ပျူတာဆိုင်ရာပညာရပ်များကို အသုံးချနိုင်စေရန် နှင့် e-Government လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကို တက်ရောက်လေ့လာ သင်ယူခြင်းဖြင့် တိကျမှန်ကန်ပြီး မြန်ဆန်သွက်လက် အစွမ်းထက်သော အစိုးရ၏အုပ်ချုပ်ရေးယန္တရား တစ်ခုကို တည်ဆောက်ရန်၊ နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများ၏ သတင်းအချက်အလက်များကို ပြည်သူများမှ အချိန်နှင့်တပြေးညီပိုမိုလွယ်ကူစွာရယူစေရန်၊ ဌာနဆိုင်ရာ အချင်းချင်းအကြား အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှု နည်းလမ်းများအား စွမ်းဆောင်ရည်ရှိရှိ လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ အစိုးရ၏ရုံးပိုင်းဆိုင်ရာအသုံးစရိတ်များ ခြိုးခြံချွေတာ လျှော့ချနိုင်ရန်နှင့် ရုံးလုပ်ငန်းဌာနများ၏ စီမံခန့်ခွဲမှုနည်းစနစ်များအား နည်းပညာအထောက်အကူဖြင့် ပိုမိုတိကျမြန်ဆန်၍ ကောင်းမွန်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် မိမိနိုင်ရာတာဝန်ကို ပူးပေါင်းပါဝင် အထောက်အကူပြုဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ တက္ကသိုလ်အနေဖြင့် e-Government အထောက်အကူပြုသင်တန်းများကို ၂၀၁၆ ခုနှစ်မှစတင်ပြီး ကွန်ပျူတာ အခြေခံသင်တန်း(၄)ကြိမ်၊ GPMS Software အသုံးပြုနည်းသင်တန်း (၁)ကြိမ်၊ Capacity Building Program for Online Teaching and Learning (၁)ကြိမ်၊ EDMS Software အသုံးပြုနည်းသင်တန်း(၁)ကြိမ်၊ စုစုပေါင်း(၇)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ မိမိတက္ကသိုလ်ဝန်ထမ်း စုစုပေါင်း (၃၃၀)ဦးကို သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ယခုဖွင့်လှစ်ခဲ့သည့် Advanced Microsoft Office Application သင်တန်းတွင် သင်ကြားရေးဆရာမ(၁၈)ဦးနှင့် စီမံခန့်ခွဲရေးဌာနများမှ ဝန်ထမ်း(၁၃)ဦး၊ စုစုပေါင်း(၃၁)ဦး တက်ရောက်ခဲ့ပါကြောင်း၊ မိမိတက္ကသိုလ်အနေဖြင့် ဝန်ကြီးဌာန၊ e-Government အကောင်အထည်ဖော်ရေး ကော်မတီ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် e-Government လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ MPT Fiber Internet Line (100 Mb) ကို Access Point (၃၄)ခု တပ်ဆင်ထားရှိခြင်း၊ ကိုယ်ပိုင် Domain နှင့် Website များ ဆောင်ရွက်ထားရှိခြင်း၊ e-Government Personal Management System (GPMS) Software တွင် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များအား ထည့်သွင်းထားရှိခြင်း၊ Electronic Document Management System (EDMS) Software အသုံးပြု၍ စာပေးစာယူလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း၊ Learning Management System (LMS) အသုံးပြု၍ Free Online Certificate Courses များ ဖွင့်လှစ်ပို့ချခြင်း၊ ICT နည်းပညာအသုံးပြု၍ Online စနစ်ဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ် သည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း၊ ဝင်ခွင့်ရသူများစာရင်း ကြေညာခြင်း၊ Online Certificate Course များ ဖွင့်လှစ်သင်ကြားခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏ Website ကို အချိန်နှင့်တပြေးညီ Update ပြုလုပ်ခြင်း၊ Online Video Conferencing ဖြင့် အစည်းအဝေးများ တက်ရောက်ဆွေးနွေးခြင်း နှင့် တက္ကသိုလ်၏ Website အား လုံခြုံမှုရှိစေရန်အတွက် SSL (Secure Socket Layer) Certificate ဝန်ဆောင်မှုရယူဆောင်ရွက်ခြင်းတို့ကို လက်ရှိဆောင်ရွက်လျက် ရှိပါကြောင်း၊ e-Government လုပ်ငန်းများ အရှိန်အဟုန်မြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်နှင့် အရည်အသွေးပြည့်ဝသော အစိုးရ ဝန်ဆောင်မှုလုပ်ငန်းများအား အချိန်နေရာဒေသမရွေး၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် မိမိတို့သင်ယူ တတ်မြောက်ခဲ့တဲ့ IT နည်းပညာများဖြင့် ထိရောက်စွာ ပံ့ပိုးကူညီ ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း၊ မိမိတက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ IT နည်းပညာများ လေ့ကျင့်သင်ကြားပေးခြင်း၊ နိုင်ငံတကာမှ IT နည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် Information and Technology ကဏ္ဍများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်စေခြင်း၊ ၎င်းတို့ထံမှ IT ဆိုင်ရာ နည်းပညာ ကူညီပံ့ပိုးမှု ရယူခြင်းတို့အား တွန်းအားပေးဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏ e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအဆင့် တိုးတက်မြင့်မားရေးသည် အရေးကြီးပါကြောင်း၊ ယခုသင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများသည် မိမိတို့ကိုယ်တိုင်အတွက် အကျိုးရှိပြီး၊ လက်တွေ့လုပ်ငန်းခွင်များတွင် အသုံးပြုရသော ကွန်ပျူတာဆိုင်ရာ အရေးပါသော သင်ခန်းစာများဖြစ်သည့်အတွက် ယခုသင်တန်းမှရရှိခဲ့သော အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် စနစ်တကျ ပြန်လည်အသုံးချခြင်းဖြင့် သက်ဆိုင်ရာရုံးလုပ်ငန်းများအပြင် နိုင်ငံတော်၏ e-Government လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြု ဆောင်ရွက်သွားကြပါရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ICTဌာနမှ ဆရာမများ၊ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများ နှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။