သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “(၂၈)ကြိမ်မြောက်ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ” အခမ်းအနား ကျင်းပခြင်း

  • Fri, 8 November 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “(၂၈)ကြိမ်မြောက်ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ” အခမ်းအနား ကျင်းပခြင်း


သန်လျင်၊ နိုဝင်ဘာ ၈


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ “(၂၈)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သန်လျင်မြို့၊ ဝိသုဒ္ဓါရာမ ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အမှူးပြုသည့် သံဃာတော် အရှင်သူမြတ် (၅)ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် သင်ကြား၊ စီမံဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ကြ ပါသည်။


ဦးစွာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တက်ရောက်လာကြသည့် ဝန်ထမ်းမိသားစုတို့သည် သန်လျင်မြို့၊ ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ထံမှ (၅)ပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်တကွ အလှူရှင်များမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော် အရှင်သူမြတ်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်တကွ အလှူရှင် ဝန်ထမ်းမိသားစုများမှ နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ် တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းမိသားစုများအား ရွှေတောင်ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ အဆိုပါ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် (၉)ခု အပါအဝင် ငွေသားနှင့်ပစ္စည်းစုစုပေါင်း တန်ဖိုးငွေကျပ် ၇၀၄၂၆၀၀/- ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


ဆက်စပ် သတင်းများ