သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နဝမအကြိမ် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်းနှင့် ဘွဲ့နှင်းသဘင်ကြေညာချက်

  • Wed, 25 December 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

နဝမအကြိမ် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်းနှင့် ဘွဲ့နှင်းသဘင်ကြေညာချက်

၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်- 

လျှောက်လွှာတင်သွင်းရမည့်ရက် - ၂၆-၁၂-၂၀၂၄ ရက်နေ့မှ ၁၀-၁-၂၀၂၅ ရက်နေ့ထိ

အစမ်းလေ့ကျင့်မည့်ရက် - ၂၃-၁-၂၀၂၅ (ကြာသပတေးနေ့)၊ နံနက်(၀၉:၀၀)နာရီ

ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် - ၂၅-၁-၂၀၂၅ (စနေနေ့)၊ နံနက်(၀၉:၀၀)နာရီ

ဘွဲ့နှင်းသဘင်ကျင်းပမည့်နေရာ - သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

၂။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်များတွင် နောက်ဆုံးနှစ်ဘွဲ့စာမေးပွဲများ၊ ဘွဲ့လွန်ဒီပလိုမာ စာမေးပွဲများနှင့် မဟာဘွဲ့စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။

၃။ ဘွဲနှင်းသဘင်လျှောက်လွှာများကို ၂၆-၁၂-၂၀၂၄ ရက်မှ ၁၀-၁-၂၀၂၅ ရက်အတွင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲတွင် သတ်မှတ်လျှောက်လွှာပုံစံထုတ်ယူပြီး လွန်ခဲ့သည့်(၃)လအတွင်း ရိုက်ကူးထားသော (၂ x ၁ ၁/၂ )လက်မ ရောင်စုံဓာတ်ပုံ (၃)ပုံပူးတွဲ၍ လျှောက်ထား ရမည်။  ဓာတ်ပုံများသည် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ(အမျိုးသား) နှစ်သက်ရာ ဝတ်စုံကို အပြည့်အစုံဝတ်ဆင်၍ သပ်ရပ်စွာရိုက်ကူးထားသောဓာတ်ပုံ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူတို့ဖြင့် လျှောက်ထားရမည်။ 

၄။ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့လျှောက်ထားသူများသည် ပထမဘွဲ့၏ ဘွဲ့လက်မှတ်မိတ္တူကိုပါ တစ်ပါ တည်းထည့်သွင်း လျှောက်ထားရမည်။

၅။ ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အစမ်းလေ့ကျင့်ပွဲများတွင် ဘွဲ့တက်ရောက်ယူမည့်သူများသည် ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ(အမျိုးသား)တို့ကို အပြည့်အစုံဝတ်ဆင်သူများကိုသာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

၆။ ဘွဲ့တက်ရောက်ယူမည့်သူများအတွက် ဘွဲ့ဝတ်စုံငှားရမ်းခွင့်ထောက်ခံစာ၊ ဘွဲ့နှင်းသဘင်သို့ တက်ရောက်ခွင့်ပြုသည့် လက်မှတ်/ ဧည့်လက်မှတ်များကို ၂၀-၁-၂၀၂၅ ရက်နှင့် ၂၁-၁-၂၀၂၅ ရက်နေ့များတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမတွင် ထုတ်ပေးမည်ဖြစ်ပါသည်။ 

၇။ အသေးစိတ်အချက်အလက်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊             ဖုန်း - ၀၉-၇၉၅၃၀၀၁၅၁ တွင် စုံစမ်းနိုင်ပါသည်။

ဌာနမှူး

သင်တန်းရေးရာဌာန


ဆက်စပ် သတင်းများ