သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အထူးပြုဘာသာရပ် (၅)ခု၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခြင်း
- Wed, 15 January 2025
သန်လျင် ဇန်နဝါရီ ၁၅
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထူးပြုဘာသာရပ် (၅)ခုဖြစ်သည့် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ၊ အသုံးချစာရင်းအင်း ပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုူးမှုပညာ နှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာတို့၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၁၄-၁-၂၀၂၅ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး သမဝါယမပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါ်ခင်အေးမာ၊ ဘောဂဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသင်းသင်းယု၊ ဝါဏိဇ္ဇဗေဒဌာနမှ ဘာသာရပ်တာဝန်ခံ၊ ကထိက ဒေါ်ညိုညိုဝင်း၊ စီမံခန့်ခွဲမှုပညာဌာနမှ ဘာသာရပ်တာဝန်ခံ၊ ကထိက ဒေါ်အေးသုန်သုန်ကျော် နှင့် စာရင်းအင်းပညာဌာနမှ ဘာသာရပ်တာဝန်ခံ၊ ကထိက ဒေါ်သန်းသန်းမူ တို့မှ မေဂျာအသီးသီးအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ မောင်မယ်သစ်လွင်များအား ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် မိတ်ဆက်ပေးခဲ့ပြီး မေဂျာအသီးသီးမှ ဝင်ခွင့်အမှတ်အများဆုံးရရှိသူများအား ဆုချီးမြှင့်ခဲ့ပါသည်။ ထို့နောက် မေဂျာအသီးသီးမှ King၊ Queen နှင့် People Choice Award ရရှိသူများအား ဆုချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားဒုတိယပိုင်းအစီအစဉ်အနေဖြင့် အထူးပြုဘာသာရပ်အလိုက်သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊သူများက တေးသရုပ်ဖော်များ၊ တိုင်းရင်းသားရိုးရာအကများဖြင့်ဖျော်ဖြေခြင်း နှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပြီး တေးသံရှင်အဆိုတော် ဇွဲပြည့် နှင့် နေမင်းအိမ် တို့မှလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၀၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။