သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Presentation Skill ပြိုင်ပွဲကျင်းပ
- Wed, 22 January 2025
သန်လျင်၊ ဇန်နဝါရီ ၂၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Presentation Skill ပြိုင်ပွဲကို ၂၁-၁-၂၀၂၅ (အင်္ဂါနေ့) နေ့လယ် (၁:၀၀) နာရီတွင် ဘက်စုံသုံးခန်းမ၌ အင်္ဂလိပ်စာဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် အဆိုပါပြိုင်ပွဲကို Artificial Intelligence and Its Impact on Education ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ AI သည် ခေတ်ပေါ် ဉာဏ်ရည်တုနည်းပညာ တစ်ရပ်ဖြစ်ကြောင်း၊ AI ကို အသုံးပြု၍ သတင်းအချက်အလက်နှင့် အသိပညာများကို ရယူခြင်းဖြင့် အနာဂတ်၏စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပိုမိုကောင်းမွန်အောင် ကြိုတင်ပြင်ဆင်နိုင်ကြောင်း၊ အနာဂတ်၏ပညာရေးသည် ဆရာ၊ ဆရာမများနှင့် ကျောင်သားလူငယ်လူရွယ်များ၏ လက်ထဲတွင်ရှိသောကြောင့် အနာဂတ် လှပအောင် ရှေ့ဆက်ပုံဖော်သွားရန် လိုအပ်ကြောင်း၊ ယနေ့ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း မိမိတို့၏ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ ဆက်သွယ်ပြောဆိုမှုစွမ်းရည်၊ ဆန်းသစ်သော အတွေးအခေါ်စွမ်းရည်များကို ပြသခြင်းဖြင့် မိမိတို့၏ Presentation Skill ကို ထုတ်ဖေါ်ပြသယှဉ်ပြိုင်ကြဖို့တိုက်တွန်းမှာကြားပါသည်။
အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇)ဦး ပါဝင်သည့် အဖွဲ့ (၅)ဖွဲ့ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆုများ ပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၆၀၀)ကျော် တက်ရောက်အားပေးခဲ့ကြောင်း သိရှိရပါသည်။