သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “Social Enterprise Knowledge Connect Seminar” ဟောပြောပွဲကျင်းပ

  • Tue, 28 January 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “Social Enterprise Knowledge Connect Seminar” ဟောပြောပွဲကျင်းပ


သန်လျင်၊ ဇန်နဝါရီ ၂၈


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  “Social Enterprise Knowledge Connect Seminar” ဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။



၎င်းနောက် CC Educare Myanmar (Social Enterprise) မှ Managing Director ဒေါ်ချစ်အိမ်သူ က Social Enterprise Journey and Impact Sharing ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့ပြီး Genius Shan Highlands Coffee (Social Enterprise) မှ Chief Operation Officer ဦးကျော်မင်းလွင်က Innovation of Myanmar Coffee Industry ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။





ယင်းနောက် ပါမောက္ခချုပ်က Managing Director ဒေါ်ချစ်အိမ်သူ နှင့် Chief Operation Officer ဦးကျော်မင်းလွင်တို့အား အမှတ်တရ လက်ဆောင်များပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ