သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ
- Thu, 6 February 2025
သန်လျင် ဖေဖော်ဝါရီ ၆
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အားကြိုဆိုဂုဏ်ပြုသော အားဖြင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နေ့လယ်(၂)နာရီတွင် ဥတ္တရဆောင်သီရေတာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုအမွေထိန်းသိမ်းစို့လေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “ပြည်ထောင်စု၏အဓိဋ္ဌာန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲကို “တိုင်းရင်းသားတို့စုစည်းအားပြည်ထောင်စု၏စွမ်းပကား” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပပြုလုပ်ရာ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ သင်တန်းနှစ် အသီးသီးမှ ကျောင်းသား ၊ကျောင်းသူ (၂၀)ဦးနှင့် ဆရာ၊ဆရာမ၊ဝန်ထမ်း(၉)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပါသည်။