သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်“ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း” သင်တန်းဆင်းပွဲကျင်းပ

  • Fri, 7 February 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်“ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း” သင်တန်းဆင်းပွဲကျင်းပ


သန်လျင် ဖေဖော်ဝါရီလ ၇

 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း” သင်တန်းဆင်းပွဲကို ၇.၂.၂၀၂၅ရက်(သောကြာနေ့)တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ “ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း” သင်တန်းဆင်းပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံ များ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ( ၁၉၀ )ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 


    ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့တက္ကသိုလ် အနေဖြင့် ၄.၂.၂၀၂၅ ရက်နေ့ မှ ၇.၂.၂၀၂၅ ရက်နေ့အထိ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို ဆရာ၊ဆရာမ၊ ဝန်ထမ်းများ အတွက် ပထမအကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၃၂)ဦး တက်ရောက်ခဲ့ကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများ အနေနှင့် တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ ဥပဒေပြဌာန်းချက်များကို သိရှိနားလည်သဘောပေါက်စေရုံသာမက လေးစားလိုက်နာရန် ရည်ရွယ်ပါကြောင်း၊ ယခုပထမအကြိမ် ဖွင့်လှစ်သည့် သင်တန်းတွင် ဆွေးနွေးခဲ့ သောဥပဒေများကို အသေးစိတ် ဆက်လက်လေ့လာ၍ လိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအားလုံး ဥပဒေအသိပညာပြန့်ပွားနိုင်ရေး အတွက် သင်တန်းများအား တစ်လတစ်ကြိမ် ဆက်လက်ဖွင့်လှစ်ပို့ချသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


  ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတွင် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဦးဆောင်သည့် ဆရာမများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ များ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဆက်သွယ်ရေးဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ