သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
- Tue, 18 February 2025
သန်လျင် ဖေဖော်ဝါရီ ၁၈
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “ဥပဒေဆိုင်ရာအသိပညာပေး ဟောပြောပွဲ”ကို ၁၈-၂-၂၀၂၅(အင်္ဂါနေ့)တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာ၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)အနေဖြင့် မိမိတို့ဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ဆရာ၊ဆရာမဝန်ထမ်းများအားလုံး ဥပဒေဆိုင်ရာအသိပညာများရရှိစေရန်နှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်၍ လိုက်နာကျင့်သုံးနိုင်ကြစေရန်ရည်ရွယ်၍ ယခုကဲ့သို့ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဤတက္ကသိုလ်၏ ဥပဒေပညာဌာနမှ ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများကို ၁၆-၁-၂၀၂၅ ရက်နေ့နှင့် ၃၀-၁-၂၀၂၅ ရက်နေ့များတွင် ဥပဒေအသိပညာပေး ဟောပြောပွဲ (၂) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ၄-၂-၂၀၂၅ရက်နေ့မှ ၇-၂-၂၀၂၅ ရက်နေ့ အထိ ဆရာ၊ ဆရာမ ဝန်ထမ်း (၃၂) ဦးကို ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ပထမအကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး ဖေဖော်ဝါရီလမှ စ၍ စက်တင်ဘာလအထိ လစဉ်လတိုင်း တစ်လလျှင် (၁) ကြိမ် သင်တန်းများဆက်လက်ဖွင့်လှစ်၍ ဝန်ထမ်းများအားလုံး ဥပဒေပြဋ္ဌာန်းချက်များကို သိရှိလိုက်နာကျင့်သုံး နိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏အဓိက လုပ်ငန်းတာဝန်သည် Teaching ၊ Learning ၊ Research နှင့် Community Service ဖြစ်ပြီးတက္ကသိုလ်၏ အသက်သည် Library ၊ Research နှင့် Publication ဖြစ်ပါကြောင်း၊ ယနေ့ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနုနုရီ အနေဖြင့် မိမိ၏ဖိတ်ကြားချက်အရ တက္ကသိုလ်၏ ပင်မလုပ်ငန်းနှင့် အသက်သွေးကြောဖြစ်သည့် Research နှင့် Intellectual Property Rights တို့ဆက်စပ်၍ လိုက်နာရမည့်ကျင့်ဝတ်များ၊ စည်းမျည်းစည်းကမ်းဉပဒေများကို “ Intellectual Property Rights, Research & Universities” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပို့ချပေးမှာဖြစ်၍ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။
ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ နှင့် ကျောင်းသား၊ကျောင်းသူများစုစုပေါင်း (၇၀၀) ဦး ခန့်တက်ရောက်ခဲ့ကြပါသည်။