သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်“လူငယ်နှင့်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေးဟောပြောပွဲ” ကျင်းပ

  • Thu, 20 February 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်“လူငယ်နှင့်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေးဟောပြောပွဲ” ကျင်းပ


သန်လျင်၊ ဖေဖော်ဝါရီ ၂၀


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “လူငယ်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေးဟောပြောပွဲ” ကို ၂၀.၂.၂၀၂၅ (ကြာသပတေးနေ့) နံနက် (၉:၃၀)နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကား ပြော ကြားရာ၌ ကျောင်းသား၊ကျောင်းသူများအနေဖြင့် တက္ကသိုလ်နှင့်လုပ်ငန်းခွင် ချိတ်ဆက်မှုကို တက္ကသိုလ်ပညာသင်ကြားနေစဉ် ကာလအတွင်း သိရှိနိုင်စေရန်၊ လုပ်ငန်းခွင်တွင် လက်တွေ့ ဦးဆောင်နေသူများ၏ ဘဝအတွေ့အကြုံနှင့် လုပ်ငန်းခွင် အတွေ့အကြုံများကို သိရှိနားလည် စေရန်နှင့် မိမိတို့ကိုယ်တိုင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစဉ်ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်ကြောင်း၊ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို စုစည်းပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ လူငယ်များ ဖွံ့ဖြိုး တိုးတက်နေမှသာလျှင် ကမ္ဘာကြီးဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ မည်သည့်အရာမဆို လေးလေးနက်နက် စဉ်းစား၊ တွေးခေါ်နိုင်ပြီး မိမိအတွက်၊ မိမိမိသားစု၊ မိမိဌာန၊ မိမိနိုင်ငံ အတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ လူငယ်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ ( Sustainable Development Goals-SDGs) ကို အကောင်အထည်ဖော် ရာတွင် အောင်မြင်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ SDG 1: No Poverty ၊ SDG : 4 Quality Education နှင့် SDG 7: Affordable and Clean Energy ပန်းတိုင်များသည် လူငယ်များနှင့်သက်ဆိုင်သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များဖြစ်ပြီး အဆိုပါပန်းတိုင်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး တိုးတက်စေရန်၊ ဆင်းရဲမွဲတေမှုလျှော့ချရန်နှင့် အရည်အသွေးပြည့်မီသော ပညာရေးနှင့် သန့်ရှင်းသော စွမ်းအင်ရရှိရေးတိုးမြှင့်ရန် ရည်ရွယ်ချက်ထားရှိ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ပညာရေးစွမ်းရည် ပြည့်ဝမှသာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။



ထို့နောက် ဦးစောဝင်းမောင်၊ ဒုတိယဌာနမှူး(ညွှန်ကြားရေးမှူး)၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပညာရေး၏ အရေး ကြီးပုံ၊ အချိန်တန်ဖိုးရှိပုံ၊ တက္ကသိုလ်ပညာရေး၏ အရေးကြီးပုံ၊ ပညာရေးနှင့် လုပ်ငန်းခွင် ဆက်စပ်မှု၊ ပုံပြင်များဖြင့်မှတ်သားခြင်း၊ အဆိုအမိန့်များဖြင့်မှတ်သားခြင်း၊ ဆက်စပ်သိ သင့်သည့် အကြောင်းအရာများ၊ လုပ်ငန်းခွင်နှင့်နိုင်ငံတကာ အတွေ့အကြုံများ၊ ဘဝအောင်မြင်ရေးအတွက် တက္ကသိုလ်ကျောင်းသားဘဝ၌ ပြင်ဆင်ရမည့်အချက်များ ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွေ့အကြုံများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။


ကျောင်းသား၊ ကျောင်းသူများ က သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး ပါမောက္ခချုပ်မှ ဆွေးနွေးပို့ ချပေးခဲ့သည့် ဆရာအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။


ထို့နောက် မေးမြန်းဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်မှ ဂုဏ်ပြု လက်ဆောင် အဖြစ်သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ခန့်ဇော်(ကျေးလက်) ၏ ကွန်ချက်ကိုသင်ပေးပါ နှင့် ဖွံ့ဖြိုးရေးဆောင်းပါးများ စာအုပ်များကို ချီးမြှင့် ပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်း များ (၅၀၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။



ဆက်စပ် သတင်းများ