သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီး၏ (၂၃) ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
- Fri, 7 March 2025
သန်လျင်၊ မတ် ၇
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းဝင်းအတွင်း တည်ထား ကိုးကွယ်လျက်ရှိသော သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီး၏ (၂၃)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တက္ကသိုလ် ဓမ္မာရုံတွင် သံဃာတော်အရှင်သူမြတ် (၂၄)ပါးအား ပင့်ဖိတ်၍ ၅-၃-၂၀၂၅ ရက်နေ့မှ ၇-၃-၂၀၂၅ ရက်နေ့ အထိ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
၅-၃-၂၀၂၅ ရက်နေ့တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူး၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများတက်ရောက်၍ ဖွင့်လှစ်ခဲ့ပြီး ၇-၃-၂၀၂၅ ရက်နေ့တွင် ဘုရားအနေကဇာတင်နှင့် ပဋ္ဌာန်းအောင်ပွဲအခမ်းအနားကျင်းပရာ ပါမောက္ခချုပ်ဦးဆောင်၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် (၂၄) ပါးတို့အား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလ ဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် သံဃာတော်အရှင်သူမြတ် (၂၄)ပါးတို့အား ပါမောက္ခချုပ်နှင့် အတူ သင်ကြား၊ စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ခေတ္တဌာနမှူး၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်နှင့်အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ပါသည်။