“Alumni Talk: Sharing Experiences & Job Opportunities” ဟောပြောပွဲကျင်းပခြင်း

  • Sat, 29 March 2025

“Alumni Talk: Sharing Experiences & Job Opportunities” ဟောပြောပွဲကျင်းပခြင်း


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် Alumni Talk: Sharing Experiences & Job Opportunities ဟောပြောပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သမဝါယမပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါ်ခင်အေးမာမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်) မှ ၂၀၁၉ ခုနှစ်တွင် Master of Social Enterprise Management ဘွဲ့ရရှိခဲ့သည့် ကျောင်းသူဟောင်း ဒေါ်သဲစုလှိုင် (Vice–Principal) International School Royals (IRS) မှ “ Your Future Self ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။  ဟောပြောပွဲအပြီး တွင် International School Royals (IRS) မှ ခေါ်ယူလျက်ရှိသော အလုပ်အကိုင်အခွင့်အလမ်း များကိုကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာလျှောက်ထားခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ် သတင်းများ