ဝါဏိဇ္ဇဗေဒ ဌာန
ဝါဏိဇ္ဇဗေဒဌာန၏ မူလအမည်မှာ စာရင်းပညာဌာနဖြစ်ပါသည်။ စာရင်းပညာဌာန တွင်(၁၉၉၈-၁၉၉၉) ခုနှစ်အတွင်း တာဝန်ယူခဲ့သောဌာနမှူးမှာ ဒေါ်ဓာတုကလျာ(ကထိက) ဖြစ်သည်။ ထို့နောက် (၁၉၉၉-၂၀၀၃)အတွင်း ဒေါ်သင်းသင်းရီ(ပါမောက္ခ)မှ လည်းကောင်း၊ (၂၀၀၃-၂၀၀၆)တွင် ဒေါ်ဓာတုကလျာ(ကထိက)မှလည်းကောင်း၊ (၂၀၀၆-၂၀၁၀)တွင် ဒေါ်သင်းသင်းရီ(ပါမောက္ခ)မှ လည်းကောင်း၊ (၂၀၁၀-၂၀၁၂)တွင် ဒေါ်မြင့်မြင့်စိန်(ပါမောက္ခ) နှင့်(၂၀၁၂-၂၀၁၃)တွင် ဒေါက်တာ နေမင်းအေး (တွဲဖက်ပါမောက္ခ)တို့မှ အသီးသီးတာဝန် ထမ်းဆောင်ခဲ့ပါသည်။
(၃-၁၂-၂၀၁၂)ခုနှစ်တွင်
သမဝါယမဒီဂရီကောလိပ်အား သမဝါယမတက္ကသိုလ်(သန်လျင်)အဖြစ်
အဆင့်မြှင့်တင်ခဲ့ပြီး၊ စာရင်းပညာဌာနကို ဝါဏိဇ္ဇဗေဒဌာနအဖြစ်
ပြောင်းလဲပြင်ဆင်သတ်မှတ် ခဲ့ပါသည်။
ဝါဏိဇ္ဇဗေဒဌာနတွင်(၂၀၁၃-၂၀၁၆)အတွင်း
ဒေါက်တာမို့မို့ရီ(ပါမောက္ခ)နှင့် (၂၀၁၆-၂၀၂၁) အထိ
ဒေါက်တာနေမင်းအေး (တွဲဖက်ပါမောက္ခ) တို့မှ တာဝန် ထမ်းဆောင် ခဲ့ပါသည်။ လက်ရှိ
ဝါဏိဇ္ဇဗေဒဌာနတွင် (ဌာနမှူး)အဖြစ် တာဝန် ထမ်းဆောင်နေသူမှာ ဒေါ်အေးမင်းသန်း
(တွဲဖက်ပါမောက္ခ) ဖြစ်ပါသည်။ ဝါဏိဇ္ဇဗေဒဌာနအနေဖြင့် စာရင်းကိုင်ပညာနှင့်
ဘဏ္ဍာရေးပညာ အထူးပြုမေဂျာကို (၂၀၁၄)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၊
စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ B.BSc (Accounting and Finance ) ဘွဲ့ရ
စုစုပေါင်း(၂၂၃)ဦးကို ယနေ့အထိ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင်
ဘွဲ့လွန်ဒီပလိုမာPGD (Accounting and Finance) စုစုပေါင်း(၁၃)ဦးနှင့်
မဟာဘွဲ့ (Accounting and Finance) စုစုပေါင်း(၄၄)ဦးတို့ကိုလည်း
မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ယခု လက်ရှိဌာနတွင် အရာထမ်း၊အမှုထမ်း
စုစုပေါင်း(၇)ဦးဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။
လူမှုစီးပွါးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားသင်ယူမှုနှင့် သုတေသနပြုမှု တို့ကို ပေါင်းစပ်ပြီး စာရင်းပညာ၊ဘဏ္ဍာရေးပညာနှင့်စီးပွါးရေးလုပ်ငန်း ဆောင်ရွက်ချက် ဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ဖြန့်ဖြူးပေးသည့် ဗဟိုဌာနကြီး ဖြစ်လာစေရန်
- စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး နယ်ပယ်တွင် ကျွမ်းကျင်သော ဘွဲ့ရပညာတတ် များကို အဆင့်မြင့်ပညာကဏ္ဍမှတဆင့် မွေးထုတ်ပေးရန်
- အလုပ်အကိုင်၊အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးအတွက် လိုအပ်သော လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများ ပြည့်မှီလာစေရေး လေ့ကျင့် သင်ကြားပေးရန်။